သတင်းများ

ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင်စိုက်ပျိုးထားသောတိုင်ထောင်ပဲတောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီးနေ့စဉ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ
Aug 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ ပဲတီစိမ်း၊ ငရုပ်၊ ငှက်ပျော၊ ဝါ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး မြစ်၊ချောင်းများဘေးရှိ နှုန်းတင်မြေနုများနှင့် ယာမြေအချို့တွင် ပန်းမျိုးစုံ၊ဟင်းသီးဟင်းရွက်၊သီးပင်စားပင်များ စိုက်ပျိုးကြရာ ဇရပ်ဖြူးကျေးရွာတွင် ဦးမြင့်သိန်းကို စိုက်ပျိုးထားသောတိုင်ထောင်ပဲ တောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး
Aug 30,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊ ဘက်စုံသုံးခန်းမသို့ လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုပြုလုပ်နိုင်ရေး အစည်းအဝေးကျင်းပ
Aug 30,2022
ပုသိမ်မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသေးသည့် မြို့ပေါ်နှင့်ကျေးလက်ဒေသများ ရှိပြည်သူများ ဆက်လက်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပုသိမ်မြို့နယ်၊ မြက်တိုစုပေါင်းရုံးရှိ အစည်းဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချသည့် စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များသို့ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သန်းဦး၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဘီးလင်း​မြို့ အ.ထ.က(ကန်သာယာ)​ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 30,2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အ.ထ.က (ကန်သာယာ) ကျောင်း၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာ​ပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ၂ နာရီက အဆိုပါကျောင်း  မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့ရှိ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေး
Aug 30,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးကြသည်။
တံတားဦးမြို့နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Aug 30,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြို့ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝနရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူ များတွေ့ဆုံဆွေးပွဲကို ယနေ့နံနက် (၉)နာရီက တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာအုပ်စု ဘလဲ့ဘကျေးရွာ သိမ်တော်ဘုရားဓမ္ဓာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် ထမုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းဆောင်ရွက်
Aug 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ဆဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်းကို ထမုံကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။