မအူပင် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ညနေ (၃)နာရီက ဆောင်ရွက်သည်။
အဆိုပါ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းအား မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး စာအုပ်စာစောင်ဖတ်ရှုလိုသူများ အားစာငှားကတ်ပြုလုပ်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာသူများက ပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်တွင်ပါရှိသည့် ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုမှတ်တမ်း ဓာတ်ပုံများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင် ပြပွဲများ၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲများအား စဉ်ဆက်မပျက်ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။
မအူပင်
ခရိုင်(ပြန်/ဆက်)