ကြာအင်းဆိပ်ကြီး ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းခြင်း ဒေသအတွင်းရှိ မြစ်ချောင်းများရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များသို့ ရေများဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်ပြည်သူများအနေဖြင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၃)ခုသို့ ယာယီပြောင်းရွေ့နေထိုင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအား အဆင်ပြေစွာနေထိုင်စားသောက်နိုင်စေရေးအတွက် (၇)ရက်စာ ဆန်ဖိုးငွေထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ရာ ရေဘေးရှောင် အိမ်ထောင်စု(၁၃၀)စု၊ လူဦးရေ(၅၅၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး ငွေကျပ် (၁၁၅၇၁၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဇင်မာထွေးတို့က ရေဘေးရှောင်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)