အလုံ သြဂုတ် ၃၀
သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလုံမြိုနယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟိန်းက သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မီးဘေး စသည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ကယ်ဆယ်ရေး စသည့်လုပ်ငန်းစဉ်များ အကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page Online မှ တဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ချို(ပြန်/ဆက်)