သတင်းများ

မင်းလှမြို့တွင် မိုးစပါးအထွက်နှုန်း တိုးတတ်မြှင့်မားရေးညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတတ်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂:၃၀ အချိန်ကပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်၌ တောင်သူများအားသွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီနေကြာမျိုးစေ့ထုတ်တောင်သူနှင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ ဘန်းယဉ်မျိုးသန့်ခြံ၌ ကျင်းပသည်။
ပင်လောင်းမြို့၌ အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သည့် အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အထက(၁) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။ 
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ‌၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 31,2022
နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ ဘဏ္ဍာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မုံရွာမြို့ ဒေသခံပြည်သူများအား ဆီကုန်သည်များက စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Aug 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များ ပူပေါင်းကာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မုံရွာမြို့ ဒေသခံပြည်သူများအား စားအုန်းဆီများကို ဈေးနှန်းချိုသာစွာလှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည် ။
မိုင်းခတ်မြို့၊ လူထုအ‌ခြေပြုဗဟိုဌာန၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း ကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများဟောပြောပွဲနှင့် စာအုပ်စာ​စောင်ပြပွဲကျင်းပ
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လယ် (၁) နာရီခွဲအချိန်က ကျောင်းသား/သူများ ဗဟုသုတတိုးပွားစေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ​လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ဟိုနားကျေးရွာ နမ့်ခမ်းချောင်းကူးတံတားတည်ဆောက်ပြီးစီး၍ ပြည်သူများဖြတ်သန်းသွားလာ
Aug 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဩဂုတ်လ(၂၆)ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ(၂၇)ရက်နေ့နံနက်ပိုင်းတွင် ပြိုကျပျက်စီးခဲ့သည့် မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်း ဟိုနားကျေးရွာရှိ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားနေရာတွင် ဘေလီသံဘောင်တံတား ယမန်နေ့ည(၇)နာရီခန့်က တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။