Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ “အပြည်ပြည်ဆိုင်ရာပျောက်ဆုံးသူများနေ့” (International Disappearance Day) တွင် မိသားစုများ ပြန်လည်ဆက်သွယ်ပေးနိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သြဂုတ်လ(၃၀)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ (International Disappearance Day) တွင် မိသားစု ပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်း အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၊ မြို့မ အထက(၂)ကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသောဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 31,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ မြို့မ အထက(၂)ကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂နာရီက၊ မြို့မ အထက(၂)ကျောင်း အစည်းအဝေးခန်းမတွင်ကျင်းပကြသည်။
အပြည့်အစုံ ဖတ်ရန်
ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ
Aug 31,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း Than Lwin Shwe Technology Co.,Ltd မှ အမေရိကန်ဒေါ်လာ ၂ သန်းခန့် ရင်းနှီးမြှပ်နှံ၍ ခနောက်စိမ်းသန့်စင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ နံရံကပ် ဓါတ်ပုံပြသခြင်း၊ စာအုပ်စာစောင်များ ပြသငှားပေးခြင်းများ ဆောင်ရွက်
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓါတ်ပုံပြသခြင်း၊ စာအုပ်စာစောင်များ ပြသငှားပေးခြင်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့်ပရိယတ္တိစာသင်တိုက်များ သို့ဆန်အိတ်များ ထောက်ပံ့လှူဒါန်း
Aug 31,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့်ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များသို့ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အသိပညာပေးလှုပ်ရှားမှုပြုလုပ်
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အသိပညာပေး လှုပ်ရှားမှုအား ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ၆လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်
Aug 31,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ၆လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့ အ.ထ.က(၅)ကျောင်း၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြောင်းမြမြို့ အ.ထ.က(၅)ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16893
Page
16894
Page
16895
Page
16896
Current page
16897
Page
16898
Page
16899
Page
16900
Page
16901
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department