မုံရွာမြို့ ဒေသခံပြည်သူများအား ဆီကုန်သည်များက စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မုံရွာ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များ ပူပေါင်းကာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မုံရွာမြို့ ဒေသခံပြည်သူများအား စားအုန်းဆီများကို ဈေးနှန်းချိုသာစွာလှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည် ။

ဆီ‌ရောင်းချပေးသူများသည် တစ်ရက်လျှင် ဆီပေပါ ၁၂ လုံးကို ဈေးကားဖြင့် လှည့်လည်၍ ဩဂုတ်လ ၂၉ ရက်နေ့မှ စတင်ကာ  လူတစ်ဦးလျှင် တစ်ပိဿာ၊ ငွေကျပ် (၅၅၀၀) နှုန်းဖြင့် ရောင်းချပေးခဲ့ကြရာ ဩဂုတ်လ ၃၀ ရက်နေ့က မုံရွာမြို့ ဘုန်းစိုးရပ်ကွက်၊ သာစည်ဈေး အနီး၊ စက်မှုဇုန်ရပ်ကွက်၊ ဒေါနခြံရပ်ကွက်၊ လယ်တီကျောင်းရှေ့နှင့် အေးသာယာရပ်ကွက်များသို့ လှည့်လည်ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့  ပြည်သူများအားနေ့စဉ် ဆီရောင်းချပေးနေမှုများအား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကာ ဈေးဝယ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးရည်ရွယ်လျက် လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား စနစ်တကျ တန်းစီစေခြင်း၊ တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် လူတိုင်းဝယ်ယူရရှိနိုင်ရေး ပူးပေါင်းပါဝင်‌ ဆောင်ရွက်‌ပေးခဲ့ကြပြီး စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက် )