မိုင်းခတ် သြဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအေးလင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှသားဖွားဆရာမ ဒေါ်နန်းနွန်းနှင့်ဒေါ်အိသန္တာစိုးတို့က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်ရေးသွင်းနည်း၊ ဖြည့်စွက်နည်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများအကြောင်းတို့ကို သင်ကြားပို့ချဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို တစ်ရက်တာဟောပြောဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ မိုင်းခတ်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်းအုပ်များ/ ကျောင်းတာဝန်ခံဆရာ၊ ဆရာမများ စုစုပေါင်း (၄၇)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)