အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အထိမ်းအမှတ် အသိပညာပေးနှိုးဆော်
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းအုပ်ချုပ်ရေးရုံးအဖွဲ့နှင့် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့၏ လူစည်ကားရာ နေရာများ၌ “အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့” အထိမ်း အမှတ်အဖြစ် အသိပညာပေး လက်ကမ်း စာစောင်များနှင့် သော့ချိတ်များ ဖြန့်ဝေခြင်း၊ ပိုစတာကပ်ခြင်း၊ အများပြည်သူမှ သိလိုသည့် သတင်း အချက်အလက်များကို ဖြေကြားပေးခြင်းဖြင့် စသည်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။