မြို့နယ်အဆင့် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်း အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေး
Aug 30,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား ကူးစက်ရောဂါများနှင့် အခြားရောဂါများ မဖြစ်ပွားစေရေး ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြို့နယ်အဆင့်ကျောင်း ကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းများ အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)အထကကျောင်း၊ ရာပြည့်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။