ဆီဆိုင် ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီနေကြာမျိုးစေ့ထုတ်တောင်သူနှင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ ဘန်းယဉ်မျိုးသန့်ခြံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်က သွင်းအားစု ဓာတ်မြေဩဇာ ပေးအပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဆီနေကြာမျိုးစေ့ထုတ်တောင်သူနှင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုဓာတ် မြေဩဇာများ ပေးအပ်သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်နှင့် ဘန်းယဉ်မျိုးသန့်ခြံမန်နေဂျာတို့က ဆီဆိုင်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန၏ စံပြစိုက်ကွက်၌ India ဆီနေကြာမျိုး၊ မျိုးသန့်ပွား စိုက်ခင်းကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)