သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများဟောပြောပွဲနှင့် စာအုပ်စာ​စောင်ပြပွဲကျင်းပ

သပိတ်ကျင်း သြဂုတ် ၃၁

အဆိုပါဟောပြောပွဲတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ကျောင်းသား/သူကလေးများအား လူကုန်ကူးမှု ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးသူများ အဓိကပစ်မှတ်ထားသည့် နေရာများ၊ လူကုန်ကူးခံရသူတွေအနေနဲ့ ဖြစ်ပေါ် လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ လျော့နည်းပပျောက်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများအား အကျယ်တဝင့်ဟောပြောခဲ့ပြီး ဟောပြောပွဲပြီးဆုံးချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင် များအား တက်ရောက်လာသည့် ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ လူကုန်ကူးမှုအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲသို့ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစန်းနှင့် ဆရာ/ ဆရာမ များ ကျောင်းသား/ကျောင်းသူများ ( ၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)