သင်္ဃန်းကျွန်းမြို့နယ် ပန်းတန်းဈေးအတွင်း Mask Campaign ပြုလုပ်
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပန်းတန်းဈေး အတွင်း ယနေ့ နံနက် (၈:၃၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင် တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံး စေရေးရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်း သိရသည်။