မင်းလှမြို့တွင် မိုးစပါးအထွက်နှုန်း တိုးတတ်မြှင့်မားရေးညှိနှိုင်းအစည်းအဝေးပြုလုပ်

မင်းလှ ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတတ်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂:၃၀ အချိန်ကပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က မြို့နယ်အတွင်းမိုးစပါးသီးနှံစိုက်ပျိုးထားမှုအခြေအနေများ၊  မိုးစပါးအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယခုအခြေအနေတွင် စပါးခင်းများအတွင်း ဒေါင်းမှီးပျံမြတ်များပေါက်ရောက်နေသဖြင့် ရှင်းလင်းဖယ်ရှားရန်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မိုးစပါးအထွက်နှုန်းတိုးတက်မြင့်မားရေး လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး တောင်သူများနည်းစနစ်မှန်ကန်စွာဆောင်ရွက်နိုင်ရန်၊ တောင်သူများအား ကြီးကြပ်ဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများပါဝင်သော ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)