ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေများ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၏ အနီး ကပ်ကြီးကြပ်မှု၊ မြို့နယ်စီမံ အုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများသည် ယမန်နေ့က သမ္မတော ကျေးရွာအုပ်စု၊ သမ္မတောကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။