မိုင်းဖြတ်မြို့နယ်၌ ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း၌ (ပထမ)အကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းဖြတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆင်ဧကရီ-၃ Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း၌ (ပထမ)အကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁ ရက်​နံနက်ပိုင်းက နမ့်ကုန်းအုပ်စု၊ ဟောင်ဟင်ကျေးရွာရှိ တောင်သူဦးအောင်မျိုး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်နှင့်ဝန်ထမ်းများက တောင်သူဦးအောင်မျိုး၏ မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း(၅•၀၀)ဧက၌ ဆောင်ရွက်ခဲ့သည်။ 

မိုင်းဖြတ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်း၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းအား နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ မျိုးကွဲနှုတ်ပယ်ခြင်းအား အပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန်တို့တွင် မဖြစ်မ​​နေဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ဆင်းဧကရီ-၃ စပါးမျိုးကို မိုးစပါးစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း ကျော်စိုက်ပျိုးကြပြီး‌၊ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိသည့်အတွက် တောင်သူအများစုက စိုက်ပျိုးကြကြောင်း သိရသည်။

သန်းထွန်း​​အေး