ကျောင်းကုန်း စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံဖားရိုးအုပ်စု၊ ဆိပ်ဖူးနီလေးကျေးရွာ တောင်သူ ဦးချစ်စမ်းမောင်၏လယ်မြေ ကွင်းအမှတ် ၄၂၂AN၊ ဦးပိုင်အမှတ် ၄၈/၅၊ စိုက်ဧက ၇.၇၅တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ပခန်းရွှေဝါမိုးစပါး စံကွက်ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဌေး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးကျော်နိုင်ဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်တို့ တက်ရောက်ခဲ့ကြပြီး၊ တစ်ဧကလျှင် (၉၀.၈၇)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)