လဲချား စက်တင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၁၂)နှစ်အောက်နှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဖူဆယ်စတား ကွင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အသက်(၁၂)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အ-လ-က(၁)အသင်းနှင့် အထကခွဲ နောင်မိန်းအသင်းတို့ ယဉ်ပြိုင်ကစားရာ အ-လ-က(၁)အသင်းမှ (၈)ဂိုး၊ (၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး၊အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် လယ်/ဆည် အသင်းနှင့် ရပ်ကွက်(၄)အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရပ်ကွက်(၄)အသင်းမှ (၁၁)ဂိုး၊ (၂) ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ် အား/ကာကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ ပထမဆုရရှိသွားသော အသက်(၁၂)နှစ် အောက်တွင် အ-လ-က(၁)အသင်းနှင့် အလွတ်တန်းအသင်းတွင် ပထမဆုရရှိသွားသော ရပ်ကွက်(၄)အသင်းတို့အား တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများကို ချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆု၊ တတိယဆုနှင့်နေရာလိုက်အကောင်းဆုံးဆုများကို မြို့နယ် အားကစားကော်မတီ အဖွဲ့ဝင်များမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)