နမ့်စန်တွင် ခရိုင်တရားရုံးဖွင့်ပွဲ ကျင်းပ

နမ့်စန်() စက်တင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခရိုင်တရားရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အမှတ်()ရပ်ကွက်၊ နမ့်စန်မြို့လယ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ အဆိုပါခရိုင်တရားရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်း၊ ခရိုင်တရားသူကြီး ဦးဇော်မင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဘုန်းနိုင်နှင့်မြို့နယ်တရားသူကြီး ဦးလှရွှေတို့က ခရိုင်တရားရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဗိုလ်မှူးချုပ် ညီညီဝင်းခရိုင်တရားသူကြီး ဦးဇော်မင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဘုန်းနိုင်၊ မြို့နယ်တရားသူကြီး ဦးလှရွှေနှင့် တာဝန်ရှိသူများက ခရိုင်တရားရုံးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)