သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သာသာနာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးတို့မှ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ၊ ဘာသာသာသနာနှင့် သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် သာသနာရေးမှူးရုံးမှ‌ ဒုတိယဦးစီးမှူး ဒေါ်နီသိန်းမော်က ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာများ၊ သာသနာရေးနှင့် သက်ဆိုင်သည့် ယဉ်ကျေးမှုဆိုင်ရာလိုက်နာဖွယ်ရာများ၊ ယဉ်ကျေးလိမ္မာဆိုင်ရာ(၃၈)ဖြာ မင်္ဂလာတရားတော်များနှင့်သက်ဆိုင်သည့် အဆုံးအမတရားတော်များအကြောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမျိုးသက်ထွန်းက ဘာသာသာသနာနှင့်သက်ဆိုင်သည့် ဥပဒေ‌ရေးရာ အကြောင်းအရာများကို အသီးသီးဟောပြောခဲ့ကြပြီး “ဗုဒ္ဓသာသနံစီရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဟောပြောပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)