သတင်းများ

မိတ္ထီလာခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 03,2022
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပညာအထက်တန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေးကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၊ ချောင်းကဖီး‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်
Sep 03,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွင်း နို့ငွါးကျေးရွာအုပ်စု၊ ချောင်းကဖီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်း ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းအရှေ့၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ပျိုးတိုးချဲ့သည့် တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်
Sep 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမဆောင်တွင် ဝါစိုက်ပျိုးတိုးချဲ့ လုပ်ကိုင်သည့် တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်ချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတ တိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်
Sep 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တော်ဝချောင်းမ၊ သဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာ ဖူလုံစေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ 
ရွာမစာသင်တိုက် ဘုန်းကြီးကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်နေမှုအား ရန်ကုန်​မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)နှင့်အဖွဲ့ ကြည့်ရှုအားပေး
Sep 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း​သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်(၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း ရွာမစာသင်တိုက် ဘုန်းကြီးကျောင်းဝင်းတွင် ဆောင်ရွက်ကြောင်း သတင်းရရှိသည်။
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ကြမည့် ဘီးလင်းမြို့နယ်မှ ပြိုင်ပွဲဝင်များအားထောက်ပံငွေပေးအပ်
Sep 03,2022
မွန်ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ထောက်ပံငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ညောင်တိုတဲတိုက်သို့ သောက်သုံးရေလှူဒါန်း
Sep 03,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ် ညောင်တိုတဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က ဝေမျှခြင်းပရဟိတ (ရန်ကုန်) မှ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်ရှိ စိုက်ဧက (၁၃၄၀) တွင် (Contract farming) အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည်
Sep 03,2022
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် သမဝါယမဦးစီးဌာနမှအကောင်အထည် ဖော်ဆောင်ရွက်မည့် အကျိုးတူလယ်ယာ(Contract farming) စနစ်ဖြင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မည့်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က စိမ်းလဲ့ရေကြည် ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။