တွံတေးမြို့နယ်၌ ( Mask Campaign) ပြုလုပ်ဆောင်ရွက်
Sep 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွန့်မှုဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ဆက်လက်လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များနေအိမ်ပြင်ပ ထွက်တိုင်း(Mask)မဖြစ်မနေ တပ်ဆင်သွားလာရေးအသိပညာပေး (Mask Camapaign)ကို ပြည်သူများ ရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော ရွှေဆံတော်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။