တပ်ကုန်းမြို့၌ ကျေးရွာ(၄)ရွာတွင် အရင်းမပျောက်မတည်ရန်ပုံငွေကျပ်(၁၇၇၆)သိန်း ပဉ္စမအကြိမ် ပြန်လည်ထုတ်ချေး
Sep 03,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းနှင့်စီမံကိန်းကျေးရွာတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာ စီမံကိန်းကျေးရွာများဖြစ်သော လယ်ဇပင်ကျေးရွာအုပ်စု၊ လယ်ဇပင်ကျေးရွာ၊ ကျီးအင်း ကျေးရွာအုပ်စု၊ ကျီးအင်းကျေးရွာ၊ မယ်ဇလီကျင်းကျေးရွာနှင့် သံပုရာကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေများ ပဉ္စမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်က မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။