ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်းတွင် ရေမြောင်းအုပ်စီလုပ်ငန်းများ ဆောင်ရွက်
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန် ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံ ငွေကျပ် (၈.၈၈) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်း၊ လမ်းဘေးဝဲယာတွင် မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန် စေရန် ရေမြောင်အုတ်စီခြင်းလုပ်ငန်းကို စက်တင်ဘလ ၄ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။