ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံ(၁၂၆၉၃)ဧက စိုက်ပျိုးခဲ့ပြီး ဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးသူများ အဆင် ပြေလျက်ရှိကြောင်းနှင့် ပဲတီစိမ်းသီးနှံ တစ်တင်း(၅၉၃၀၀)ကျပ်ရောင်းချရကြောင်း ပွတ္တိုင်ကျေးရွာမှ တောင်သူဦးအောင်ကျော်မြင့်က ပြောပြသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများကို တိုက်နယ်(၁)တွင် (၁၀၄၉)ဧက၊ တိုက်နယ်(၂)တွင် (၃၅၁)ဧက၊ တိုက်နယ်(၃)တွင် (၇၂) ဧက၊ တိုက်နယ်(၄)တွင်(၃၅၀)ဧက၊ တိုက်နယ်(၅)တွင်(၁၃၀)ဧက၊ တိုက်နယ်(၆)တွင်(၄၀၅၇)ဧက၊ တိုက်နယ်(၇)တွင်(၃၆၉၆)ဧက၊ တိုက်နယ်(၈)တွင်(၁၁၆၇)ဧက၊ တိုက်နယ်(၉)တွင်(၂၃၀)ဧက၊ တိုက်နယ်(၁၀)တွင်(၃၄၁)ဧက၊ တိုက်နယ်(၁၁)တွင်(၂၂၉)ဧက၊ တိုက်နယ်(၁၂) တွင်(၁၀၂၁)ဧက စုစုပေါင်း(၁၂၆၉၃) ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ပဲတီစိမ်းသီးနှံများကို မိရိုးဖလာ(ပက်ကျဲ)စနစ်ဖြင့် စိုက်ပျိုးပါက(၁)ဧက မျိုး(၄)ပြည်ခန့် အသုံးပြုရပြီးနှင့် သိပ္ပံနည်းကျ(ဘောင်စနစ်)ဖြင့်စိုက်ပျိုးပါက (၁)ဧကမျိုး(၂)ပြည်ခန့် အသုံးပြုကြောင်း၊ တစ်ဧကထွက်နှုန်းမှာ (၁၇)တင်းမှ(၂၁)တင်းထွက်ရှိပြီး ပဲတစ်တင်း ငွေ(၅၉၃၀၀) ကျပ် ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် မှိုရောဂါပိုးဒဏ်ခံနိုင်ပြီးဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁)နှင့် ရေဆင်း(၁၄)ပဲတီမျိုးများ အဓိထားစိုက်ပျိုးကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)