သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စရိတ်မျှပေး ထောက်ပံ့ခြင်းအစီအစဉ်ဆောင်ရွက်
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်ရှိပြည်သူများ စရိတ်သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်စေရန် စရိတ်မျှပေးထောက်ပံ့ခြင်းအစီအစဉ်အား စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ၉ ရက်နေအထိ မြို့နယ်အတွင်း လှည့်လည် ရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများဆောင်ရွက်
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်အတွင်း လူစည်ကားရာ နေရာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ သတ်မှတ်ကာ စစ်ဆေးမှုများဆောင်ရွက်
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး၏ လမ်းညွှန်ချက်အရ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဟိုပန်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Sep 04,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သထုံမြို့ ရွှေစာရံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရေး ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Sep 04,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေး ပထမအကြိမ် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 04,2022
ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
သီပေါမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Sep 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့၌ ပြည်သူများအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဆားများကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနေ
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံအိမ်ထောင်စုဝင်များ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက် ၉ နာရီက ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာကလေးရပ် နတ်မော်လမ်းရှိ ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာခန်းမနှင့် မြဝတီရပ်ကွက်တို့၌ ဆန်၊ ဆီ၊ ကြက်ဥဟင်းသီးဟင်းရွက်များကို  သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။