မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုဆိုင်ရာအသိပညာ​ပေး Talk Show ကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၅

၂၀၂၂ ခုနှစ်စက်တင်ဘာလ ၁၃ ရက်​နေ့တွင်ကျ​ရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ်အဖြင့် ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာ​​ရေးဆရာမ​ပေါက်​​ပေါက်နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာ​ပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာ​ပေး Talk Show တွင် စာ​ရေးဆရာမ​ပေါက်​ပေါက်က မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့ဖြစ်​ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုအများဆုံးနိုင်ငံများအ​ကြောင်းနှင့် လက်ရှိလူကုန်ကူးခံရမှုအ​ခြေအ​နေများအကြောင်းတို့ကို အသိပညာရရှိဖွယ်​ဆွေး​နွေး​ပြောကြားခဲ့​ကြောင်းသိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)