မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်းလုပ်ငန်းများ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး နေ့စဉ်ဆောင်ရွက်

မြောင်းမြ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းအား လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e - ID စနစ်ဖြင့် Software အသုံးပြုကာ Database ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြောင်းမြမြို့နယ်တွင် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး၊ ရက်ပေါင်း(၆၀)အတွင်း အိမ်ထောင်စုပေါင်း (၉၄၆၃၇)စုကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ အိမ်ထောင်စုပေါင်း ထည့်သွင်းပြီးစီးမှုမှာ (၅၆၉၈၃)စု ရှိပြီး၊  ပြီးစီးမှုရာခိုင်နှုန်း (၆၀.၂၁%) ပြီးစီးကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ဦးစီးမှူးထံမှ သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)