မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခမဲ့ဝန်ဆောင်မှုပေး

မိုင်းယု စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းများဆောင်ရွက်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များငှားရမ်းရာတွင် ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများသို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ကာ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များနှင့် အသိပညာဗဟုသုတများစုံလင်စွာပါရှိသည့်  စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ပြီး စာအုပ်စာစောင်ငှားရမ်းမှုကို တစ်ပတ်လျင်တစ်ကြိမ် ထပ်မံလာရောက်၍ ဆက်လက်ငှားရမ်းပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်