သံတောင်ကြီး စက်တင်ဘာ ၇
ကရင်ပြည်ယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တောပြာကြီးကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်သည့်(Cash For Work) စီမံကိန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ စီးပွားရေးကုစားမှုအစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ အကျိုးအဆက်သက်ရောက်ခြင်း ခံရသည့် ကျေးလက်နေပြည်သူများက ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားခငွေထောက်ပံ့ပေးခြင်း (Cash For Work) ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြင့်ကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံက သိရသည်။
အဆိုပါ တောပြာကြီးကျေးရွာတွင် အကောင်အထဉ်ဖော်ဆောင်ရွက်သည့် (Cash For Work) စီမံကိန်းဖြင့် ကျေးရွာတွင်းဆိုင်ကယ်ကွန်ကရစ်လမ်းခင်းခြင်း ဘောလုံးကွင်းမြေညှိခြင်း၊ ရေနုတ်မြောင်းတူး ဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)တွင် ပစ္စည်းတန်ဖိုး ကျသင့်ငွေကျပ်(၄၈)သိန်း၊ ကျေးရွာပြည်သူ လုပ်အားခကျပ်သိန်း(၅၀)နှင့် ကျေးရွာကော်မတီ၏ အထွေထွေအသုံးစရိတ်ကျပ်(၂)သိန်းဖြစ်ကြောင်း သိရသည်။
နော်နော်မူ