ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ကီလိုမာလကာ စိုက်ပျိုးခြင်းဖြစ် နေ့စဉ်အပိုဝင်ငွေရရှိ

ကလိန်အောင်  စက်တက်ဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ကီလိုမာလကာစိုက်ပျိုးခြင်းဖြစ် နေ့စဉ်ပုံမှန်ဝင်‌ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကီလိုမာလကာ အပင် (၅၀) စိုက်ပျိုးထားတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ပျိုးပင်တစ်ပင် ငွေကျပ် (၂၀၀၀)ပေးရပြီး ပျိုပင်ဖိုး၊ မြေပြုပြင်ခ၊ သဘာဝမြေဩဇာဖို့ ငွေကျပ် (၁)သိန်းခန့် ကုန်ကျ ပါတယ်။

စိုက်ပျိုးပြီး သုံးလအကြာ အသီးစတင်ကောက်ယူရာမှာ အလုံး ၃၀ မှ ၅၀ ထိရပါတယ်။ အခု တစ်နေ့အလုံး ၁၀၀ ကျော်ရရှိပြီး တစ်လုံးကို ငွေကျပ် ၂၀၀ ဈေးနှုန်းနဲ့ ရောင်းရပါတယ်။ မိသားစုအတွက် နေ့စဉ်ပုံမှန် ငွေကျပ် ၁၀၀၀၀ ခန့်ရရှိပါတယ်” ဟု မာလကာ စိုက်ပျိုးသူတစ်ဦးကပြော သည်။

ကလိန်အောင်မြို့အနီးရှိ ကျေးရွာများမှလည်းစိုက်ပျိုးကြပြီး ရာသီဥတုစိုစွတ်သောဒေသဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကာ ဟင်းသီး၊ ဟင်းရွက်နှင့် သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး မိသားစုစီးပွားရေးအဆင်ပြေကာ နေ့စဉ်အပိုဝင်ငွေများရရှိကြကြောင်း သိရသည်။

ခင်ခင်လဲ့