သတင်းများ

မင်းလှမြို့နယ်တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ရပ်ကွက်/ကျေးရွာ အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၈ နှစ်အောက် ပြေးခုန်ပြစ်ပြိုင်ပွဲကျင်းပ
Sep 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)အရ ရပ်ကွက်/ ကျေးရွာအခြေခံပညာကျောင်းပေါင်းစုံ အသက်၁၈နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး သတိပေးဆိုင်းဘုတ်များစိုက်ထူ
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း‌ရေးအဖွဲ့နှင့် မြို့ဝင်မြို့ထွက် စစ်ရေးဂိတ်တွင် တာဝန်ထမ်းဆောင် သော သက်ဆိုင်ရာဌာနဆိုင်များ ပူးပေါင်း၍ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ငပုတောမြို့ ယင်းမာလမ်းနှင့် မဂ္ဂင်လမ်းကြားရှိ မြို့ဝင်မြို့ထွက် စစ်ဆေး‌‌ရေးဂိတ်၏ ရှေ့ဘက်နှင့် ယင်းမာလမ်း၏ ဝဲဘက်တွင်လည်‌ကောင်း သတိပေးဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်၌ ငါးနှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Sep 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ငါးနှစ်အောက် ကလေးငယ်များကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ငွေတောင်ကျေးရွာတွင် စားသုံးဆီဖူလုံရေးအတွက် ဆင်းရွှေနေကြာမျိုးများ စိုက်ပျိုး
Sep 06,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ငွေတောင်ကျေးရွာရှိ တောင်သူ ဦးသန်းစိန်နှင့် ဦးစိုးနိုင်တို့စိုက်ပျိုးသည့် ဆင်းရွှေနေကြာမျိုးစေ့ ထုတ်စိုက်ပျိုးနေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နေကြာစိုက်ပျိုးခြင်း လုပ်ငန်းအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Sep 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရ အ.ထ.က ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယ‌မန်နေ့ နံနက်ပိုင်းက မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ
လဲချားမြို့နယ် (Community Centre) ခန်းမတွင် ကာယနှင့်ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ
Sep 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ပခုက္ကူမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 06,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အမှတ်(၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့ဌာနစိတ် (ပခုက္ကူခရိုင်)နှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (ပခုက္ကူခရိုင်)တို့ ပူးပေါင်း၍ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉နာရီအချိန်က မြို့ပေါ်ရှိ မြို့မလမ်းနှင့်ထင်းတန်းလမ်းဆုံ၊ မြိုင်လမ်းနှင့်မြို့မလမ်းဆုံနှင့် အခြားလမ်းဆုံ၊ လမ်းခွနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေကြသည်။
ညောင်တုန်းမြို့တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချ
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ ဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။