သတင်းများ

ကျုံပျော်မြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် (၁၁)မျိုးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Sep 06,2022
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန် (၁၁)မျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်ဇုံနယ် လော်ဝေါ်နှစ်ခြင်းအသင်းတော် အမျိုးသားချစ်ကြည်ရေး ဘောလုံးအားကစား ပြိုင်ပွဲ ကျင်းပ
Sep 06,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဝိုင်းမော်ဇုံနယ်လော်ဝေါ်နှစ်ခြင်း အသင်း‌တော်များ စုပေါင်း၍ အသက် ၁၆ နှစ်မှအသက် ၃၀ နှစ်အထိအမျိုးသား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ် ပြည်သူ့အားကစား ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဌာနဆိုင်ရာများသို့  မီးဘေးလုံခြုံရေး စဉ်ဆက်မပြတ် ကွင်းဆင်း စစ်ဆေးဆောင်ရွက်
Sep 06,2022
ရခိုင်ပြည်နယ် ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ရုံးများသို့ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများက ယနေ့၊ နေ့လည်ပိုင်းက စဉ်ဆက်မပြတ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံပေး
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား တတိယအကြိမ် (Booster Dose) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ စီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ ကျင်းပ
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သနပ်ပင်မြို့နယ်၌ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် ရုံးကြီးကွက်သစ် (၂)လမ်းထိပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်ကျေးလက်နေပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး ဆွေးနွေးကွင်းဆင်း ဆောင်ရွက်
Sep 06,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်(၉;၃၀)နာရီက ဒရယ်ကျေးရွာ ဓမ္မာရုံသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။