သတင်းများ

ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်မှုကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးချမ်းစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့(တာဝန်ခံ) အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်တို့ ကြီးကြပ်၍ ကျောက်ချောလမ်းခင်းရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.လ.က(ခွဲ) ပဲကြီးခုံ၊ အ.မ.က(မူလွန်) တဲကြီးကုန်းကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဟိုင်းကြီးကျွန်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့အထွက်တိုးစခန်းဂိတ်နေရာ၌ ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များဆက်လက်ရောင်းချပေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ဆက်လက် ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးရှေ့ ဥယျာဉ်တန်းလမ်းနှင့် ဘောလုံးကွင်းလမ်း ထောင့်နေရာမှ ရောင်းချပေးနေလျက်ရှိသည်။
ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊  တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။