တနင်္သာရီမြို့နယ် ပြန်/ဆက်ဆံရေးဦးစီးဌာနမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မလာရောက်နိုင်သော စာပေဖတ်ရှုလိုသူများထံသို့(Mobile) ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ငှားရမ်းပေးခဲ့ကြသည်။