ကျောက်ဆည် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၆)မူလတန်းကျောင်း၌ (၂)ထပ်ကျောင်းဆောင် သစ်(၁) ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါကျောင်းဆောင်သစ်အား Yoon Dana Hiling ကုမ္ပဏီမှ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၂၃၂.၈၃၀) ကျပ်သန်းဖြင့် တာဝန်ယူကာ အလျ ား(၁၀၀)ပေ၊ အနံ(၃၀)ပေ၊ (RCC-၂ထပ်) ဆောက်လုပ်သွားမည်ဖြစ်ကြောင်းပြီး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ (KG)အတန်းတွင် ကျောင်းသား၊ကျောင်းသူ(၄၈)ဦး၊ (Grade-1) အတန်းတွင် (၈၆)ဦး၊ (Grade-2) အတန်းတွင် (၉၅)ဦး၊ (Grade-3) အတန်းတွင် (၅၉)ဦး၊ (Grade-4) အတန်းတွင်(၈၃)ဦး၊ (Grade-5) အတန်းတွင် (၈၂)ဦး စုစုပေါင်း(၄၅၃)ဦး ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
သက်မောင်