သတင်းများ

ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ဆောင်ရွက်
Sep 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်က ရုံးလမ်းလမ်းဆုံ၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နတ်တလင်းမြို့ပေါ်ရှိ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ နတ်တလင်းမြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသန္တရတိုးမြှင့်စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသန္တရတိုးမြှင့်စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ထူးကြီးမြို့အတွင်းရှိ ပြည်သူများအား အခြေခံစားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော ဈေးနှုန်းများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ‌ရေး အဖွဲ့နှင့်ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ထူးကြီးမြို့ဈေးတွင် ပြည်သူများအား အခြေခံ စားသုံးကုန်စည်များ ရောင်းချပေးခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၌ဒေသပညာရေးမှူးရုံး ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ
Sep 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ဒေသပညာရေးမှူးရုံး ဆိုင်းဘုတ်ဖွင့်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
မင်းလှမြို့မဈေးကြီးအတွင်းဈေး ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာမြို့မစျေးကြီးအတွင်း စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ် (၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Sep 16,2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်စေရန်အတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး အသိပညာပေး(Mask Campaign)များကို  စက်တင်ဘာပထမပတ်မှစတင်၍
တာမွေမြို့နယ်တွင် လူငယ်ရေးရာ အားကစားအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲ ကျင်းပ
Sep 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် လူငယ်ရေးရာအားကစား အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန် က တာမွေမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။