သတင်းများ

အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် နယ်လှည့်မိုလ်ဘိုင်းကွင်းဆင်း ဆောင်ရွက်
Sep 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် အပတ်စဉ်နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Sep 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နေ့လယ် ၁၂ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 16,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့်သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုမြှင့်တင်ပေးရန် ရည်ရွယ်၍ စီစဉ်ထုတ်ဝေသည့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်ရုံး Community Centre ခန်းမ၌ လူငယ်နဲ့ အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
ဖောင်းပြင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဒေသပေါက်ဈေးနှုန်းအောက် ၂၅ရာခိုင်နှုန်း လျှော့ချကာ ရောင်းချပေး
Sep 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် အာလူး၊ ခရမ်းချဉ်သီး၊ ကြက်ဥတို့ကို ဒေသပေါက်ဈေးနှုန်းများအောက် ၂၅ ရာခိုင်နှုန်းလျှော့ချကာ ယနေ့နံနက်ပိုင်းက အောင်ဆန်းလမ်း (၄)လမ်းမပေါ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Sep 16,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ပွင့်ဖြူမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကနဦးစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်ပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Sep 16,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပရာ၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ‌နယ်မြေကွင်းဆင်းပြီး မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
မိုင်းရှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်
Sep 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ‌နေ့နံနက်(၁၀)နာရီအချိန်က အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။