တာမွေ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် လူငယ်ရေးရာအားကစား အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန် က တာမွေမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တာမွေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင် က ကျောင်းသား/သူများ အား အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့်ကျန်းမာရေး အကျိုးကျေးဇူးများအကြောင်း၊ ကျောင်း သား/သူ လူငယ်များ အားကစားပြုလုပ်နိုင်မည့် အားကစားနည်းများနှင့် အားကစားပြုလုပ်ခြင်း ကြောင့် လူငယ်များအတွက် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်နိုင်မည် စသည့်အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါ အားကစားအသိပညာပေး ဟောပြော ပွဲတွင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ မျိုးဆက်သစ် အားကစားမောင်မယ် ကျောင်းသား/သူများက အားကစားနည်းများဖြင့် သရုပ်ပြပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တာမွေမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အားကစားအသိပညာပေး ဟောပြောပွဲနှင့် အားကစား ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဒေသဖွံ့ဖြိုးရေးတွင် ပါဝင်သည့် ပညာရေးစစ်ကြောင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်းနှင့် မြို့နယ် အားကစားမှူး ဦးမျိုးလင်းအောင် က ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း စသည့် အားကစားပစ္စည်းများအား လှူဒါန်းပေးခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာမကြီးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မို့မို့အောင်(ပြန်/ဆက်)