ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ဒဂုံမြောက် စက်တင်ဘာ ၁၆ 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်စေရန်အတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး အသိပညာပေး(Mask Campaign)များကို  စက်တင်ဘာပထမပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၃၀)ရပ်ကွက် ဘုရင့်နောင်လမ်းရှိ ဒဂုံရွှေပြည်ဈေးတွင် နှာ‌ခေါင်းစည်း(Mask)များ အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ်ကိုဗစ်ရောဂါကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ  ပြည်သူများအား စနစ်တကျ(Mask)တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ပြီး Mask အခုရေ ၁၀၀၀ ကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများနှင့်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စက်တင်ဘာ ပထမပတ်မှစတင်၍ စဉ်ဆက်မပြတ် နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ