နတ်တလင်းမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေး

နတ်တလင်း  စက်တင်ဘာ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နတ်တလင်းမြို့ပေါ်ရှိ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် () နာရီအချိန်မှစတင်၍ နတ်တလင်းမြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဝက်သား () ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့် (၂၅)ပိဿာ၊ အမဲသား()ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် (၂၇)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၁၈၀)ကျပ်နှုန်းဖြင့် (၂၀၀)လုံး၊ စားသုံးဆီငါးဆယ်ကျပ်သားတစ်ဗူးလျှင် (၂၉၀၀)ကျပ်နှုန်းဖြင့် (၃၀၀)ဗူးနှင့် ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တို့အား  ရောင်းချပေးခဲ့သည်။

အဆိုပါ ရောင်းချခြင်းကို နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)