ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ဆောင်ရွက်

ဘုတ်ပြင်း  စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်က ရုံးလမ်းလမ်းဆုံ၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်သည့် ဌာနဆိုင်ရာပူး‌ပေါင်းအဖွဲ့မှ ဝန်ထမ်းများသည်၊ ကားလမ်းမကြီး၌ ဖြတ်သန်းသွား လာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများ ပေါ့ဆနေခြင်းမရှိစေဘဲ နေအိပ်အပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင် အသုံးပြုနိုင်ရေး၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့် ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်းက ဗစ်ရောဂါ ပိုးများ၏အန္တရာယ်မှ ကာကွယ်ရန်၊ ပြည်သူများကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ကို အသိပညာပေးခဲ့ကြပြီး နှာခေါင်းစည်း (Mask) များ အခမဲ့ဝေငှတပ်ဆင်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)