သတင်းများ

ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Sep 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရီမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ညနေပိုင်းက လူစည်ကားရာ ပုဗ္ဗသီရိမြို့မဈေး၊ ညဈေးနှင့်ယုဇနလမ်း၌ Mask Campaign ပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်၌ နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံမှန် ရွေးချယ်ခြင်းပြိုင်ပွဲကျင်းပ
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍  စာလုံးပေါင်းသတ်ပုံမှန် ရွေးချယ်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်(၉:၃၀)နာရီက ပြုလုပ်ခဲ့သည်။
လက်ပံတန်း-သာရဝေါ လော်ကယ်ရထားလိုင်း ဖွင့်လှစ်
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၆) လက်ပံတန်းမှ သာရဝေါသို့ လော်ကယ်ရထားလိုင်းဖွင့်လှစ်ပြေးဆွဲခြင်းကို သာရဝေါဘူတာ၌ ယနေ့နံနက် ၆ နာရီက ကျင်းပခဲ့သည်။
တမူးမြို့တွင် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်
Sep 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ (၁၆) ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး ရေးအတွက် တာဝန်ရှိသူများနှင့်ချမ်းသာကြီးကျေးရွာဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး
Sep 16,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ချမ်းသာကြီးကျေးရွာဒေသခံ ပြည်သူများ ယနေ့နံနက် ၉နာရီက အဆိုပါကျေးရွာရှိ အသောကကျောင်းတိုက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပဲခူးမြို့၌ ကိုစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်၊ စတုတ္ထအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မွန်ဓမ္မာရုံ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
မက်မန်းမြို့၌ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ကျောက်တံခါးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးနှင့် ခြင်ကြားပိုးလောက်လန်း ကင်းစင်ရေးကျောင်းများ ထူထောင်ရေးသင်တန်းဖွင့်လှစ်
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးနှင့် ခြင်ကြားပိုးလောက်လန်းကင်းစင်ရေးကျောင်းများ ထူထောင်ရေးသင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။