ထူးကြီးမြို့အတွင်းရှိ ပြည်သူများအား အခြေခံစားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

အင်္ဂပူ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော ဈေးနှုန်းများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ‌ရေး အဖွဲ့နှင့်ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ထူးကြီးမြို့ဈေးတွင် ပြည်သူများအား အခြေခံ စားသုံးကုန်စည်များ ရောင်းချပေးခဲ့သည်။

အဆိုပါစားသုံးကုန်များရောင်းချရာသို့ အင်္ဂပူမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့မှ စျေးရောင်း၊ စျေးဝယ်မှုများအား ကြည့်ရှုအားပေးကူညီခဲ့ပြီး ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်ဖြင့် ဆန် (၁၀)အိတ်၊ ကြက်ဥ ၃ လုံး ၅၀၀ ကျပ်နှုန်းဖြင့် ကြက်ဥ (၁၀၀၀)လုံးနှင့် ဟင်းသီး၊ ဟင်းရွက်များ ရောင်းချပေးခဲ့ပြီး သီလရှင် (၁၅)ပါးအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)