ပန်းတောင်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၇:၀၀)က ပန်းတောင်းမြို့နယ်အတွင်း ပန်းတောင်း၊ ဝန်လို၊ မင်းရပ် ရပ်ကွက်ရှိစည်ပင်သာယာစျေးများတွင် စျေးရောင်းစျေးဝယ်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။