ဒေသလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးနှင့် ရပ်ရွာလုံခြုံအေးချမ်းသာယာရေးတို့အတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေး
Sep 17,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ဒေသလိုအပ်ချက်များဖြည့်ဆည်းပေးနိုင် ရေးနှင့်ရပ်ရွာလုံခြုံအေးချမ်းသာယာရေးတို့အတွက် မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ ငဖဲမြို့နယ် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးနိုင်ဦးကျော်၊ ခရိုင်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း ၊ ငဖဲမြို့နယ်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင်များ စုစုပေါင်း(၁၆၉)ဦး တက်ရောက်ခဲ့ကြသည်။