မင်းဘူးမြို့၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်
Sep 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ပြည်သူများ ဗီဇပြောင်း ကိုဗစ် - ၁၉ အိုမီခရွန်ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မင်းဘူးမြို့မစည်ပင်သာယာဈေးအနီး ကုလားကုန်းပေါင်းထိပ် မြို့တွင်းမိန်းလမ်းမကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။