ငဖဲ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ဒေသလိုအပ်ချက်များဖြည့်ဆည်းပေးနိုင် ရေးနှင့်ရပ်ရွာလုံခြုံအေးချမ်းသာယာရေးတို့အတွက် မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ ငဖဲမြို့နယ် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးနိုင်ဦးကျော်၊ ခရိုင်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း ၊ ငဖဲမြို့နယ်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင်များ စုစုပေါင်း(၁၆၉)ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က လုံခြုံရေး ဆိုင်ရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးနိုင်ဦးကျော်က ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ မင်းဘူးခရိုင် နှင့်မြို့နယ်များအတွင်း လုံခြုံရေးဆိုင်ရာဆောင်ရွက်မှု အခြေအနေများနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး ချပြရှင်းလင်းဆွေးနွေးကာ ခရိုင်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြည်သူ့လုံခြုံရေးအဖွဲ့မှ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ငဖဲမြို့နယ်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များက မြို့နယ်အတွင်းပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးပြီး တက်ရောက်လာသည့် ကျေးရွာပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာအတွင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများ၊တွေ့ကြုံရသည့်အခက်အခဲများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ပြည်သူ့ လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးတင့်ကျော် က ပြန်လည်ဖြေကြား၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)