လယ်ဝေး စက်တင်ဘာ ၁၇
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်များအနက် ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည့် ဘေး အန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို သိရှိ လိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ငလျင် ဇာတ်တိုက်လေ့ကျင့်ခန်းကို ယမန်နေ့ နံနက်(၁၁)နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တက်ရောက်အားပေးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ စာသင်ကျောင်းများတွင် ပညာလေ့လာဆည်းပူးနေသော ကျောင်းသား/ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ်ကျရောက်ချိန်တွင် မည်သို့တုံ့ပြန်ဆောင် ရွက်ရမည်ကို သိရှိထားရန်လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုနှင့်အညီ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးအနေဖြင့် သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဝင်များဖြစ်ကြသော စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ လူမှုရေးပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ် ငန်းများကို ထိရောက်လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စသည့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ (၄၀)ဦး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ(၁၀)ဦး၊ ပရ ဟိတအဖွဲ့မှ(၅)ဦး၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ(၂၀၀)ဦး၊ စုစုပေါင်း(၂၅၅) ဦးတို့ တက်ရောက်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)