အုတ်တွင်း စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ရပ်ကွက်နေပြည်သူများ အသက်မွေးဝမ်းကြောင်းနှင့် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံပန်းရံသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ပန်းရံဆရာများက လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကို စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)